အလုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

 ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဌာန၊ ရပ်ကွက် မြို့နယ်ရဲတပ်ဖွဲမှူးရုံးခန်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးဦးစံသိန်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများပါဝင်သောအဖွဲ့က ဌာနာရပ်ကွက် အသက် (၁၈) နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကွင်းဆင်းရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုံမြို့နယ်ဦးစီးမှူး ဦးစံသိန်းက လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)