မဟာအောင်မြေ ဧပြီ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့် ဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝေတို့က မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှုများကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်များအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို မဟာအောင်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းကျော်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော် ဦးဆောင်၍ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူ (၁၀၅) ဦးခန့်အား အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း