ရမည်းသင်းခရိုင်၌ ဒေသန္တရစီမံကိန်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရမည်းသင်း ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများ ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ရမည်းသင်းခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အတွင်းရေးမှူး ဦးထင်ကျော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ကဏ္ဍအလိုက်) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုကဏ္ဍ၊ (ဆည်မြောင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး၊ လမ်းဦးစီး၊ အခြေခံပညာ၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာကဏ္ဍာများအတွက် ပေးအပ်ရာ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ ပျော်ဘွယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံရယူခဲ့ကြပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)