အမြို့မြို့အနယ်နယ်သတင်းများ

ဒေးဒရဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့်တစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင်  အခြားတိုင်းဒေသကြီး/ ပြည်နယ်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့်  မြို့နယ်အတွင်းသို့ ပြောင်းရွေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆန်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက ချောင်းဖျားကျေးရွာ မဟာဗောဓျာရာမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ ချင်းပြည်နယ်အစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်

ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၏ ၂၀၂၅ ခုနှစ် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်းတိုင်းတာ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ တောင်သူဦးကြီးများ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ‌ဈေးကွက်အတွင်းသို့ လွယ်ကူလျှင်မြန်စွာ သယ်ယူနိုင်စေရေး ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကတိုင်စိန်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် အကြိုကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်သည်။

အဖျောက်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဖျောက်မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မြတ်ပညာကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်သည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူ ပြုစေရန်အတွက် စားအုန်း ဆီများကိုဈေးနှုန်းချိုသာစွာဖြင့်စဉ့်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပြည်ပပို့ကုန် ထုတ်ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ရာ မြို့နယ်စီမံခန့်ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပိုးသတ်ဆေးအရောင်ဆိုင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

သာယာဝတီမြို့နယ် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်းပိုင်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ သာယာဝတီမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ဝင်းဝင်းချိုတို့နှင့်အတူ အောက်တိုဘာလ (၃၀) ရက်နေ့၌ သာယာဝတီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် Myint & Co Engineering ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်ပြည်လမ်း - မကျီးကွင်းလမ်း ကျောက်ချောခင်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး၍ လမ်းတာချဲ့ရာတွင် သတ်မှတ်အကျယ် ရရှိအောင်ဆောင်ရွက်ရန်၊ Sheet footroller သုံးရန်နှင့် သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊  (၁၀၅) နှစ် မြောက်အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ များကျင်းပ     

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် ၊ (၁၀၅) နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို  ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(ဘုရင့်နောင်)ခန်းမ၌ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်၌ ဥစားဘဲမွေးမြူထားရှိမှုနှင့် လယ်ယာသုံးစက်ပစ္စည်းအလုပ်ရုံအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဥစားဘဲမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ