အမြို့မြို့အနယ်နယ်သတင်းများ

တောင်တွင်းကြီးမြို့နယ် ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် ကွန်ကရစ်လိုင်နင် ဆောင်ရွက်မည့်လုပ်ငန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေအိမ်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လမ်း၊ တံတားများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ကျေးရွာများ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်စေရန်၊ ရေကြီးနစ်မြုပ်မှု လျော့နည်းသက်သာစေရေးအတွက် တောင်တွင်းကြီး - မကွေးလမ်းပေါ်ရှိ စက်စက်ယိုချောင်း ​ကွန်ကရစ်လိုင်နင် ဆောင်ရွက်မည့်လုပ်ငန်းအား ယမန်နေ့ညနေ (၄)နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး နှစ်(၈၀) ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်

ယနေ့တွင်ကျရောက်သည့်နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

မောက်မယ်မြို့နယ်၌ ဆောင်းရာသီ ရေဆင်း−၁၅ပဲပုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာတွင် ရေဆင်း−၁၅မျိုး ဆောင်းပဲပုတ်သီးနှံများကို ပိုမို၍စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  တောင်သူများထံမှ သိရသည်။

​​​​​​​တာမွေမြို့နယ်၌ နွေရာသီကွန်ပျုတာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘာသာ‌‌ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်‌‌သော နွေရာသီကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်းနှင့် ကျွဲနွားတိရစ္ဆာန်များအား ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်းနှင့် ကျွဲနွားတိရစ္ဆာန်များအား ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မယ်ဘေ့ကုန်းကျေးရွာ ဓမ္မာရုံနှင့် ရေပုတ်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် Football For School Program အစီအစဉ်ဖြင့် ဘောလုံး၊ လက်ဝှေ့နှင့် စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော Football For School Program အရပြုလုပ်သည့် ဘောလုံး၊ လက်ဝှေ့နှင့် စစ်တုရင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ် ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊  မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း နှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။

တာချီလိတ်မြို့၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဂရန်အင်း/ တင်ဒါချက်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ဂရန်အင်း/တင်ဒါချက် များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် စည်ပင်သာယာရေး အဖွဲ့လုပ်ငန်းများနှင့် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မြို့အဝင်ဆိုင်းဘုတ်များ၊ မြေယာရှုခင်းများနှင့် ကန်သုံးဆင့်ပန်းခြံတို့အား အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများကို ဧပြီလ ၃ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ချောက်မြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်​ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်(၇)ရပ်ကွက်သို့ သွားရောက်ကာ တစ်အိမ်တက်ဆင်း မီး​ဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ