မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အ.ထ.က (၃) ကျောင်းတွင် ကျောင်းဖွင့်ချိန်အတွက် ကြိုတင်ရှင်းလင်းပြင်ဆင်မှုများ ပြုလုပ်

မင်္ဂလာဒုံ မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ အ.ထ.က (၃) ကျောင်းတွင် မေ ၃ ရက်နေ့က ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေလွယ်ကူစေရန်အတွက် ကြိုတင်၍ ရှင်းလင်းပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ရာတွင် ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊ ဆရာမများ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရပ်ကျေးအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အသင်း၊ မိဘဆရာအသင်း၊ သပြေညိုပညာဒါနအသင်း၊​ ​ထောက်ကြန့်မြို့ နှလုံးလှသွေးလှူရှင်အသင်းနှင့် ရတနာစျေး၊ ရတနာသီရိစျေးမှ လုပ်သားညီအကိုများပါဝင်၍ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းဆောင်များရှိ အခန်းများအလိုက် အမှိုက်များရှင်းလင်းခြင်း၊ စာရေးခုံနှင့် ထိုင်ခုံများသယ်ယူခြင်း၊ အခန်းအလိုက် အစီအရီထားရှိခြင်းများ စုပေါင်းညီညွတ်စွာ လုပ်ဆောင်ခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်အသင်းနှင့် မိဘဆရာအသင်းမှ ကောက်ညှင်းပေါင်း ၊ ကော်ဖီနှင့် ရေခဲမုန့်တို့ဖြစ် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန် /ဆက်)