ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်းသစ်နှင့် စက်လှေကားအသစ်ဖွင့်လှစ်
ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက တောင်ဘက်စောင်းတန်းအသစ်ဖွင့်လှစ်ခြင်းနှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ကုသိုလ်ပြု ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ခဲ့ကြသည်။