ညောင်ဦးခရိုင်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ညောင်ဦး ‌မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မေ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စွမ်းဆောင်ရည်ဆုရရှိသူများနှင့် ပရဟိတ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်း(ငြိမ်း)များအား အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်တိုး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းစိုး၊ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒီပါလင်း