မလှိုင် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade-10 နှင့်Grade-11 ကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲများ ဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းတွင်းစစ်(ပြင်ပဖြေ) Grade-10 STEAMS-1 ဘာသာတွဲတွင် ကျောင်းသား (၁)ဦး၊ STEAMS-2 ဘာသာတွဲတွင်ကျောင်းသား (၁)ဦးနှင့် ကျောင်းသူ(၁)ဦးတို့ဖြေဆိုခဲ့ကြပြီး၊ Grade-11 STEAMS-1 ဘာသာတွဲတွင် ကျောင်းသူ (၂)ဦးတို့ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)