အမြို့မြို့အနယ်နယ်သတင်းများ

မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များအား အရုဏ်ဆွမ်းသပိတ်များ ဆပ်ကပ်လောင်းလှူ

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မလှိုင်မြို့နယ်မီးသတ် ဦးစီးဌာနက မလှိုင်မြို့ထန်းတောဂေါစဂံအတွင်းရှိ ကျောင်းတိုက်(၃၆)တိုက်မှ သံဃာတော်(၃၆)ပါးတို့အား  အရုဏ်ဆွမ်းသပိတ်နှင့် ဆွမ်းဟင်းချိုင့်များလောင်းလှူခြင်းကို မေ ၅ရက်နံနက် ၅နာရီက  မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကျွန်းစုမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက် သည်။

ကျောက်ဆည်မြို့၌ ‌လေပြင်းဘေးကျရောက်ခဲ့သည့် လူနေအိမ်များအား ထောက်ပံ့ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီ၂၇ရက်က တိုက်ခိုက်ခဲ့သည့် လေပြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၄ ရက် ညနေ၄နာရီက  ကျင်းပသည်။

ကော့ကရိတ်မြို့နယ်တွင် အစိုးရသစ်ကာလ ရက် ၁၀၀စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ရက် ၁၀၀ စီမံချက်ဖြင့် ကော့ကရိတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက် ၁၀ နာရီမှစတင်၍  ရေကျော်ကြီးကျေးရွာ၊ အထက(ခွဲ)လှိုင်ဝကျောင်း၌ နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းပိုင်ရှင်များအား တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များ လိုက်နာရေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်အတွင်းရှိ စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရေး တွေ့ဆုံဆွေးနွေးပွဲကို မေ ၅ရက် နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝးခန်းမတွင် ကျင်းပသည်။

မိုင်းယောင်းမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရက် ၁၀၀ စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ဝမ်ဘိုးအုပ်စု၊ နားဖန်းကျေးရွာ၌ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ရက် (၁၀၀) အထူးစီမံချက်ဖြင့်  နိုင်ငံသားကဒ်ပြားများအား ပြည်သူများထံ လက်ဝေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင် - ၃(က) နှင့် အသက် (၁၈) နှစ်ပြည့် နိုင် ၆ (က) များ ထုတ်ပေးနိုင်ရေးအတွက် မေ ၃ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အပြင်ပဒံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ပြည်သူများထံ လက်ဝေပေးအပ်သည်။

မိုးနဲမြို့နယ်တွင် တောင်သူများအား သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်လေကျေးရွာတွင် တောင်သူများအား စိုက်ပျိုးပညာပေးဝန်ထမ်းများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည့်သူ့အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်လှအုပ်စု၊ နတ်စဥ်ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံဘောလုံးသင်တန်းနှင့်ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းဖွင့်ပွဲ တက်ရောက်

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားရေးနှင့်ပတ်သက်၍  Football for School Programme နှင့် Smart School ကို အားကစားရေးရာဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ရက်ပေါင်း(၁၀၀)အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ရှေ့ပြေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ