တောင်တွင်းကြီး မေ ၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည့်သူ့အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ပင်လှအုပ်စု၊ နတ်စဥ်ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ဦးစွာ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသော ဒေသခံပြည်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး ဦးဆောင်သော မြို့နယ်အဆင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့က မြေငှားဂရန်လျှောက်ထားခွင့်ရှိသူများ၊ ကျေးရွာမြေအား မြေငှားဂရန်လျှောက်ထားရန် ကနဦးဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ကျေးရွာတာဝန်ရှိသူများအား ဆွေးနွေးပြောကြားပြီး ကျေးရွာမြေငှားဂရန် လျှောက်ထားမည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)