ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြော ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို  ယနေ့မွန်းလွဲ ၁ နာရီ အချိန်က  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။ 

ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသော “မြဝါးရုံ”စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ ညနေ(၃)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စာပေဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့က စာပေဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ၌ ယနေ့နေ့လည်  ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြိုင်ပွဲများကျင်းပလျက်ရှိရာ  အခြေခံပညာ အထက်တန်းကျောင်း (စဉ့်ကိုင်) တွင်  ယနေ့နံနက်(၉)နာရီက   အလယ်တန်းအဆင့်၊  အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အရာတော်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့  အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာရေးပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် အရာတော်မြို့နယ် အခြေခံပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စာစီစာကုံးနှင့်  အာဇာနည်နေ့ ကဗျာ‌ရေးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။

မုံရွာမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်းသိကောင်းစရာ  Talk Show  ပြုလုပ်

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show  အစီအစဉ်ကို "ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်နေ့သမိုင်း ပုံရိပ်များ " ခေါင်းစဉ်ဖြင့်  ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CommunityCentre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ