လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

လယ်ဝေး  ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ ညနေ(၃)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ကျောင်းသားကျောင်းသူလေးများကို ပြိုင်ပွဲကျင်းပရ ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံပညာမူလတန်း လွန် (ဗဟို)ကျောင်းမှ စတုတ္ထတန်း ကျောင်းသားကျောင်းသူ(၁၅)ဦးတို့က အာဇာနည်နေ့ အထိမ်း အမှတ် ကဗျာခေါင်းစဉ်အမျိုးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကဗျာ ရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မောင်ဇင်ဖြိုးကိုကို၊ ဒုတိယဆုရရှိသည့် မောင်တေဇာလင်းနှင့် တတိယဆုရရှိသည့် မောင်မိုးယံကျော်တို့ကို မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်း အောင်၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ကဗျာများ၊ ဆောင်ပုဒ်များနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္တုပ္ပတ္တိများပါရှိသည့်နံရံကပ်စာစောင်များကို ကျောင်းသား ကျောင်းသူလေးများက လေ့လာမှတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)