အရာတော် ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် အရာတော်မြို့နယ် အခြေခံပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စာစီစာကုံးနှင့် အာဇာနည်နေ့ ကဗျာရေးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက် အားပေးကြည့်ရှုခဲ့ပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၂)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကဗျာရေးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၈)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၅၃)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများအားဇူလိုင်လ ၁၉ ရက်နေ့၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်း အနားတွင် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)