မုံရွာမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်းသိကောင်းစရာ  Talk Show  ပြုလုပ်

မုံရွာ  ဇူလိုင်  ၁၅

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show  အစီအစဉ်ကို "ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်နေ့သမိုင်း ပုံရိပ်များ " ခေါင်းစဉ်ဖြင့်  ယနေ့နံနက် ၁၀ နာရီအချိန်က မုံရွာခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ CommunityCentre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးမြင့်နိုင်စိုးက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show  အစီ အစဉ်ကျင်းပပြုလုပ်ရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  မုံရွာမြို့နယ် စာရေးဆရာအသင်း နာယက၊ မုံရွာခရိုင် မြန်မာစာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဆရာကျော်သက်ခိုင် (ကျော်သက်ခိုင်၊မုံရွာ)က  ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်နေ့  သမိုင်း ပုံရိပ်များခေါင်းစဉ်ဖြင့် အာဇာနည်နေ့၏ ပုံရိပ်စစ်၊ ကြွေလွင့်ခဲ့ရသော အာရှသံမဏိနှင်းဆီတစ်ပွင့်၊ သူ့လိုလူ သူ့လို မူ ၊အနာဂတ်လွတ်လပ်တဲ့ မြန်မာပြည်

စသည်ဖြင့် အာဇာနည်နေ့ အကြောင်းအရာများ၊  ဝမ်းနည်းခြင်းအထိမ်းအမှတ်ကျင်းပခဲ့ကြသည်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြပုံများနှင့် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးတို့ကို လူငယ်လူ ရွယ်များ အနေဖြင့် လေးစားပြီး အတုယူကြိုးစားကြရန် ဆွေးနွေးဟောပြောခဲ့ပါသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်အနေဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အာဇာနည်နေ့အကြောင်းသိကောင်းစရာ  Talk Show  အစီအစဉ်ကိုအဆို ခရိုင်ရုံး၏ We Love Facebook Page က တစ်ဆင့် Online မှ တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)