သာစည်မြို့ လူထုအခြေပြု ဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြော ဆွေးနွေးပွဲပြုလုပ်

သာစည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို  ယနေ့မွန်းလွဲ ၁ နာရီ အချိန်က  မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ တက်ရောက်လာသော  သာစည်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကြည့်ရှုလေ့လာ ကြသည်။ ဆက်လက်ပြီး အာဇာနည်နေ့ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဦးစီးအရာရှိ ဒေါ်သင်းသင်းက ကျောင်းသား/သူများ      အာဇာနည်နေ့ အကြောင်း အသိပညာ ဗဟုသုတများ ရရှိစေရန် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ကျောင်းသား/သူများက     သိရှိလိုသည်များ     မေးမြန်း ဆွေးနွေးကြရန်   ပြောကြားပြီး ရသလမ်းဆုံ စာဖတ်ဝိုင်းမှ စာရေးဆရာများက အာဇာနည်နေ့နှင့် အာဇာနည်ကြီးများ အကြောင်းကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ကျောင်းသား/သူများ သိရှိလိုသည်များ မေးမြန်းကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲများနှင့် အသိပညာပေးပွဲသို့ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရေးဆရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။                

မြို့နယ်ပြန်/ဆက်