ဆိပ်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဆိပ်ဖြူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲရာတွင် ဆိပ်ဖြူအထက ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အထက်တန်းပြ ဆရာမတစ်ဦးက နိုင်ငံတော်အတွက် အသက်ပေးခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက်မှုများနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှု ဖြစ်စဉ်များအကြောင်း သိကောင်းစရာများကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ပြောကြားသည်။
ထို့နောက် ဆိပ်ဖြူ အ.ထ.က နဝရတ်ခန်းမတွင် မြို့နယ်အဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်း အသီးသီးမှ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ (အညာမြေ)