ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ညောင်တုန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်ရင့်မာ (ကျောင်းကုန်း) ရေးသားသော “မြဝါးရုံ” စာအုပ်ဖြင့် ယမန်နေ့  မွန်းလွဲ ၁နာရီ အချိန်က စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦး‌စန်းမြင့်နှင့်အဖွဲ့ဝင် ဦးမင်းစိုးသိန်းတို့က “မြဝါးရုံ” စာအုပ်မှ သူတို့ကို ဖြတ်ကျော်သွားခဲ့ကြပါသည်။ မြဝါးရုံ၊ မလွမ်းဘူးလား၊ ကောက်ရခဲ့သော ကဗျာနှစ်ပုဒ်၊ ခေမာစာရ၊ ရှင်သန်ခြင်းခဏတာစသည့် စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ နှင့်အတူ ဆွေးနွေးခဲ့‌‌ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)