ဆိပ်ဖြူမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စာပေဆွေးနွေးပွဲ ကျင်းပ

ဆိပ်ဖြူ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့က စာပေဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဆရာဦးဉာဏ်အောင်က မိတ်ဆက်အမှာစကားပြောကြားပြီး စာပေချစ်မြတ်နိုးသူများက (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို စာပေချစ်မြတ်နိုးသူများအနေဖြင့် လေ့လာမှတ်သား ထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြပြီး  စာဖတ်သူတိုးပွားရေးနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးစေရေးနည်းလမ်းများကို အကြံပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)