ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ “ပျော်ရွှင်နိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ကျင်းပ

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပခဲ့သည်။

ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့​သည်။

မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် အာဇာနည်နေ့အကြာင်းအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကိုယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ဆုချီးမြှင့်ပွဲနှင့်နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲကို  ယမန်နေ့  မွန်းလွဲ(၁)နာရီအချိန်ကကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် နောင်လာနောင်သားများမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား သိရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို၊ ကန်ကြီးထောင့်မြို့ အ.မ.က(မြိုသစ်) ညောင်ငူ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ