မြစ်သား ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကိုယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့မအနောက် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကြည်ထွန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်တို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအကြောင်းကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထိုကဲ့သို့ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ နေ့ထူးနေ့မြတ်များအကြောင်းကို အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)အပြည့်အစုံကို မြစ်သားမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးသွားဖြစ်ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)