ကန်ကြီးထောင့်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အာဇာနည်နေ့အကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွတ်

ကန်ကြီးထောင့် ဇူလှိုင်လ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလှိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် နောင်လာနောင်သားများမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား သိရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ပြည်သူများ အသိပညာဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာမှ ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းအကျဉ်းနှင့် (Book Club) အဖွဲ့မှ ဦးသန့်ဇင်ဦး၊ အ.ထ.က(၁)မှ စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့် ပထမဆုရ မပန်းအိရွှေစင်တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မဇင်(ပြန်/ဆက်)