ရန်ကုန် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကဗျာရွတ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ ပုံပြောပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးနှင့်ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲများ အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို