ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကန်ကြီးထောင့် ဇူလိုင် ၁၈

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးဟောပြောပွဲကို၊ ကန်ကြီးထောင့်မြို့ အ.မ.က(မြိုသစ်) ညောင်ငူ၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက မြန်မာတစ်မျိုးသားလုံးအတွက် နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဇူလိုင်(၁၉)ရက်နေ့တွင်ရောက်ရှိမည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိများနှင့် ယနေ့ခေတ် လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရေးတို့ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရသည်။

မဇင်(ပြန်/ဆက်)