မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ကျင်းပ

မြင်းမူ ဇူလိုင် ၁

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးနေလင်းအောင်(ဦးစီးအရာရှိ) က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဦးကျော်လင်း (ပညာရေး- ငြိမ်း) က အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြီးမားသော ဂုဏ်ကျေးဇူးကို ထာဝစဉ်အောင့်မေ့ သတိရရှိစေရန်အတွက် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုများကို လေးစားအားကျစေရန်နှင့် အတုယူဖွယ်များများကို ယနေ့လူငယ်လူရွယ်များ ပိုမိုသိရှိအောင် စည်းရုံးဆောင်ရွက်ရေးတို့နှင့်ပါတ်သက်၍ ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြင်းမူမြို့နယ်ရုံးတွင် လစဉ်ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ Talk Show များ၊ နံရံကပ်၊ ဓာတ်ပုံပြပွဲများပြသခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ(မြင်းမူ)