စဉ့်ကိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲ၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့ ဦး၀င်းကြည်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ကိုယ်ရေးအချက်အလက်များကို အသိ ပညာပေးဟောပြော ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှဝိုင်းကူညီဆောင်ရွက်ပေးပါသော ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေားရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ ကျောင်းသား၊ ကျောင်းသူ များအား ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့်ဗိုလ်ချုပ် မိန့်ခွန်းပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုရရှိသူများအား တာ၀န်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ဓာတ်ပုံများခင်း ကျင်းပြသထားရာ အခမ်းအနားသို့ တက်ရောက်လာသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)