သဲကုန်းမြို့နယ်၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြောပြီး ကြီးကြပ်ဒိုင်တစ်ဦးက ပြိုင်ပွဲစည်းကမ်းများ ရှင်းလင်း ပြောကြား၍  ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်နှင့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသည့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူနှင့် ဆရာ/ဆရာမ များနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ ကဗျာရွတ်ဆုပြိုင်ပွဲကို အ.ထ.က အင်းမ၊ အ.ထ.က သဲကုန်းနှင့် အ.ထ.က(ခွဲ)အင်ပင်လှမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး