အုတ်ဖို ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အာဇာနည်နေ့ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေဇင်ယုက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကိုကျင်းပကာ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ကျောင်သား၊ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အောင်သူ