ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဓနုဖြူ ဇူလိုင် ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့​သည်။

အဆိုပါပြပွဲတွင် ဓနုဖြူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ ကဗျာများစသည့်တို့ကို နံရံကပ်စာစောင်များတွင် ခင်းကျင်းပြသထားရှိမှုအား မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများမှစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ဆက်လက်၍ သိပညာဗဟုသုတရရှိစေရန်နှင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)