ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

သနပ်ပင်မြို့နယ် မကြက်စု(အ.လ.က.)ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကြက်စု အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြိူ့နယ်၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးစေရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပြင်ပဗဟုသုတများတိုးစေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တပ်တွင်းအလက(ခွဲ) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် တပ်တွင်း အခြခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေး၊ ကုန်ပစ္စည်းများလုံခြုံစိတ်ချမှုရှိစေရေး ၊ကုန်ပစ္စည်းများ၏ဝန်ဆောင်မှုများ၏ အရည်အသွေး လုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို ယနေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခဲ့ကြသည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ငှားရမ်းပေးခြင်းတို့ကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ငါးမွေးမြူခြင်းဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဝါ‌ခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြောင်းဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၁၁) နာရီအချိန်က ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အ‌‌ကြောင်းဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။

စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ချစ်နိုင် (စိတ်ပညာ)၏ “အချိန်ကို အသုံးချနည်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “အချိန်ကို အသုံးချနည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ် Community Centre ၌ အိမ်တွင်းလက်မှုပညာ (Bow)ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုး တတ်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အိမ်တွင်း လက်မှုပညာ (Bow) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့​သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ