စလင်းမြို့နယ် တပ်တွင်း အခြခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

စလင်း သြဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေး၊ ကုန်ပစ္စည်းများလုံခြုံစိတ်ချမှုရှိစေရေး ၊ကုန်ပစ္စည်းများ၏ဝန်ဆောင်မှုများ၏ အရည်အသွေး လုပ်ငန်းများ ဆောင်ရွက်ရန်တို့ကို ယနေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်က တပ်တွင်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံဟောပြောခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်နှင့်ဝန်ထမ်းများ၊ စီမံကိန်းဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ချောစုသက်တို့ လိုက်ပါခဲ့ကြသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းလင်းမောင်က စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေး အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်စည်နှင့်ဝန်ဆောင်မှုများ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်ကုန်အညွှန်း အမှတ်အသားပါရှိရမည့် အကြောင်းအရာများ တာရှည်ခံဆိုးဆေးများအကြောင်း ရက်လွန်ကုန်ပစ္စည်းများ မစားသုံးသင့်သည့် ကုန်ပစ္စည်းများအကြောင်းအရာများကို ပြည့်စုံစွာ ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)