တောင်ဥက္ကလာပမြို့နယ်တွင် ဝါ‌ခေါင်လပြည့် မေတ္တာအခါတော်နေ့ အကြောင်းဆွေးနွေးပွဲ Talk Show ပြုလုပ် ဆောင်ရွက်

တောင်ဥက္ကလာပ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊‌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌  ယနေ့ နံနက် (၁၁) နာရီအချိန်က ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အ‌‌ကြောင်းဆွေးနွေးပွဲ Talk Show ပြုလုပ်‌ ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ (Talk Show) တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင် စာရေးဆရာမ အေးချမ်းအိမ်မှ  ယနေ့ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုး‌စေရန်၊ လိမ္မာယဉ်ကျေးစေရန်၊ ကျောင်းစာအပြင်ပြင်ပ အသိပညာ ဗဟုသုတကြွယ်ဝစေရန်၊ တစ်ဦးနှင့်တစ်ဦး မေတ္တာဖြင့် ဆက်ဆံပေါင်းသင်းတတ်စေရန်၊ မေတ္တာတရားဖြင့် အောင်မြင်မှုများရရှိစေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌ပေ ချစ်မြတ်နိုးသူများ Book Club တို့ပူးပေါင်းပြီး ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ မေတ္တာအကြောင်း အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။    

ခင်ဆွေနှင်း(ပြန်/ဆက်)