စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

စလင်း သြဂုတ် ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က စားသုံးသူကာကွယ်ရေး သိကောင်းစရာနှင့် စားသုံးသူအခွင့်အရေးများဖြစ်သည့် စားသုံးသူအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြာခွင့်ရရှိစေခြင်း စသည့် အချက်အလက် ၈ ချက်တို့အား ပြည့်စုံစွာ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းလင်းမောင်အား စားသုံးသူရေးရာနှင့်ပတ်သက်၍ သိလိုသည့်အချက်အလက်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်က ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)