သနပ်ပင် ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာတို့ ပူးပေါင်း၍ လူကုန်းကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကြက်စု အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကြက်စု(အလက)ကျောင်းအုပ်ဆရာကြီး ဦးသက်လွင်အေးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်မိမိခိုင်က လူကုန်းကူးမှုဖြစ်ပွားရခြင်း အဓိကရည်ရွယ်ချက်များကတော့ လူတစ်ဦးတစ်ယောက်ကို အယုံလွယ်ခြင်း၊ ငွေရေးကြေးရေးနှင့် လူမှုရေးအဆင်မပြေတာတွေကြောင့် ဖြစ်လေ့ရှိပြီး အခြားသောနိုင်ငံများသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်းတို့ကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်ပွားရပြီး၊ အချို့စိတ်ဓာတ်ပိုင်ဆိုင်ရာ အားငယ်တဲ့ အမျိုးသမီးငယ်တွေ၊ ကလေးသူငယ်တွေ၊ လူငယ်လေးတွေကို အဓိကပြစ်မှတ်ထားပြီး လူကုန်ကူးမှု အများဆုံးကျူးလွန်တာဖြစ်တယ်၊ အဲဒါကြောင့် ကျောင်းသားကျောင်းသူများ၊ ကလေးငယ်များအား အကြောင်းတစ်စုံတရာမရှိပဲအပြင်ကို တစ်ယောက်ထဲလျှောက်သွားခြင်း မပြုလုပ်ရန်၊ တစ်ဦးတစ်ယောက်က ပိုက်ဆံ(သို့မဟုတ်)အစားအစာများနှင့် လာရောက်ပြီးခေါ်လျှင် မလိုက်သွားဖို့၊ မိဘအုပ်ထိန်းသူပါမှ အပြင်သို့ထွက်ရန်စသည့် လူကုန်းကူးမှုဆိုင်ရာ အချက်အလက်များ၊ အကြောင်းအရာများအား ကျောင်းသားကျောင်းသူများကို ရှင်းလင်း ပြောကြားခဲ့သည်။
လှမိုး(ပြန်/ဆက်)