ထားဝယ် သြဂုတ် ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ထားဝယ်ခရိုင်အနေဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူ မဧကရီထက်အောင်က "ကိုယ့်အားကိုယ်ကိုး" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ်အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြပွဲပြိုင်ပွဲများနှင့် သင်တန်းများကိုလည်း ဆက်လက်ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူထံမှ သိရသည်။
ရွှေပင်လယ်(ထားဝယ်)