သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမှ၌ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် အားကစားပြိုင်ပွဲများ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးလျက်ရှိသည်။