စမ်းချောင်းမြို့နယ် Community Centre ၌ အိမ်တွင်းလက်မှုပညာ (Bow)ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပေး

စမ်းချောင်း သြဂုတ် ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုး တတ်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင်  အိမ်တွင်းလက်မှုပညာ (Bow) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့​သည်။

အဆိုပါသင်တန်းတွင် ပြန်/ဆက်ဦးစီးဌာန၊ စမ်းချောင်းမြို့နယ် ဦးစီးမှူးက သင်တန်းဖွင့်လှစ်ခြင်းရန် ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဖြူဖြူဖွေး ကသင်တန်းသူ၊ သင်တန်းသား (၁၂)ဦး အား အိမ်တွင်းလက်မှုပညာ (Bow)ပြုလုပ်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ သင်တန်းနည်းပြမှ ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သတင်းရသည်။

ခင်ငြိမ်းချမ်းဝင်း