ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID Software အတွင်း ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၃၈ ရာခိုင်နှုံးပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base အတွင်း ရေးသွင်းခြင်းကို ဝန်ထမ်းအင်အား ၁၃ ဦး၊ Laptop ၁၃ လုံးဖြင့် ဇူလှိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။