စဉ့်ကိုင်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကား ပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

စဉ့်ကိုင်   သြဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့  ပူးပေါင်း ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကြို  အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး   ဒေါ်ခင်စန်း၊ ဥက္ကဋ္ဌ (woman Club ) က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ကို ကျင်းပခဲ့ရာပြိုင်ပွဲ၀င် (၁၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲ၌  ပထမဆု၊ဒုတိယဆု၊   တတိယဆုနှင့်  နှစ်သိမ့်ဆုရရှိခဲ့ကြ သူများအား တာ၀န်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်အခမ်း အနားသို့ တက်ရောက်လာကြသောမြို့နယ် ပညာရေးဌာနမှ   ဆရာမများ၊    စာအုပ်စာစောင်ချစ်မြတ်နိုး သူများ အသင်း၀င်များ၊   မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊  မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၀င်များ၊ Woman  Club   အဖွဲ့၀င်များ၊  Youth Club အဖွဲ့၀င်များ၊ ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသော  စာအုပ်စာစောင်များအားစိတ်ပါ၀င်စားစွာ   လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)