ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပြည်သူများ၊ အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ရာ၊ နှီးနှောတိုင်ပင်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စာရေးဆရာအသင်းမှ ညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။