ကျောက်ဆည် ဩဂုတ်၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍မရနိုင်သောကြောင်း၊ စက်ရုံများ၊ မော်တော် ယာဉ်များများ၊ တောမီးလောင်ခြင်းများမှ ထွက်ရှိသောမီးခိုငွေ့များ၊ ရေဆိုးများနှင့်လူတို့၏စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်လာသဖြင့် ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြေင်းနှင့် မိမိကိုယ်တိုင်ကစပြီး မိမိပတ်ဝန်းကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စည်းကမ်းသည်လူ၏တန်ဖိုးဆိုသည့်အတိုင်း ကျောင်းသား/ ကျောင်းသူများအနေဖြင့် စည်း ကမ်းပြည့်ဝသည့်စံပြလူငယ်များဖြစ်အောင် နေထိုင်သွားကြစေလိုကြောင်းနှင့် လေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများ၊ တောမီး လောင်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်များ ဖြစ်လာပေါ်လာပြီး လူသားတို့၏ကျန်းမာရေးများ ထိခိုက်ခြင်း၊အပင်နှင့် တိရစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ပြည်သူများအားလုံးပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)