ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID Software အတွင်း ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ၃၈ ရာခိုင်နှုံးပြီးစီး

ကန်ကြီးထောင့် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) မှတ်တမ်းများအား e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base အတွင်း ရေးသွင်းခြင်းကို ဝန်ထမ်းအင်အား ၁၃ ဦး၊ Laptop ၁၃ လုံးဖြင့် ဇူလှိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) နိုင်ငံသား တစ်ဦးချင်း၏ နိုင်-၄ မှတ်တမ်းများအား e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base အတွင်း ထည့်သွင်းဆောင်ရွက်နေမှုများကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြင့်အောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဆွေက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က လူအင်အား၊ စက်အင်အားကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ရာနှုန်းပြည့်ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)နိုင်ငံသားတစ်ဦးချင်း၏ နိုင်-၄ မှတ်တမ်းများဆောင်ရွတ်ရန် လုပ်ငန်းလျာထားချက် (၄၄၀၄၀) ရှိပြီးစက်တင်ဘာလ (၁)ရက်နေ့အထိ စာရင်းရေးသွင်းပြီးစီးမှု (၁၆၆၉၇)ဦး ရေးသွင်းပြီးစီး၍ ဆက်လက်ရေးသွင်းရန်ကျန် လူဦးရေမှာ ( ၂၇၃၄၃) ဦးဖြစ်ရာ ပြီးစီးမှု ရာခိုင်နှုန်းမှာ ၃၇.၉ ရာခိုင်နှုန်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

မဇင်(ပြန်/ဆက်)