ရွှေတောင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ရွှေတောင် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။