ကြို့ပင်ကောက်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်

ကြို့ပင်ကောက် ဇွန် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community center)တွင် စာရေးဆရာ မင်းဝဿံ(ကြို့ပင်ကောက်)စာပေစေတမန်နှင့် ပူးပါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အွန်လိုင်းအသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အွန်လိုင်းအသိပညာပေး Talk Show ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း လူငယ်များနှင့်မူးယစ်ဆေးများ အလွန်နီးကပ်စွာရှိနေသော အကြောင်းအရာများ၊ မူးယစ်ဆေးအန္တရာယ်ကင်းစင်ရေး ကျောင်းသားလူငယ်များ လိုက်နာရမည့် စည်းကမ်းချက်များ၊ မူးယစ်ဆေးစွဲ လူငယ်များအား ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့် အခြေအနေများ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မူးယစ်ကင်းစင်ပြီး နိုင်ငံတော်မှ အားကိုးရသော သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းလေးနှင့် စာရေးဆရာ မင်းဝဿံ(ကြို့ပင်ကောက်) စာပေစေတမန်တို့က အသေးစိတ် အသိပညာပေး ဆွေးနွေးထားကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် ဒေသခံပြည်သူများအတွက် Community center တွင် အွန်လိုင်းအသိပညာပေး Talk show များကို လစဉ် ဆောင်ရွက်ပေးလျက်ရှိ‌ေကြာင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)