ဗဟန်း လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းဖွင့်လှစ်

ရန်ကုန် ဇွန်  ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး ရသစာပေနှင့်နီးစပ်မှုရှိစေရန်နှင့် စာဖတ် ဝါသနာပါသည့်ဝန်ထမ်းများ ဖြစ်လာစေရေး ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၊ (Community Centre)၌ ယနေ့နံနက် ၁၀ နာရီတွင် ဖွင့်လှစ်သည်။

အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူး၊ သင်တန်းဆရာနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော ရသစာပေဖန်တီးရေးဖွဲ့ခြင်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ရသစာပေ ဆည်းပူးလေ့လာခြင်း နည်းပညာကျွမ်းကျင်မှု အရည်အသွေးမြင့်မားလာစေရန်အတွက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရသစာပေဖန်တီးရေးဖွဲ့ခြင်း သဘောတရားများ နာလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်တွင်ပြန်လည် အသုံးပြုဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ လွယ်ကူစေမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းပို့ချမည့်ဘာသာရပ်များနှင့် ပတ်သက်၍ သင်တန်းနည်းပြဆရာ အမျိုးသားစာပေဆုရှင် စာရေးဆရာမောင်ခြိမ့်က ရှင်းလင်းပြောကြားရာတွင် စာရေးသူအမျိုးအစား၊ ဝတ္ထုအမျိုးအစား၊ ဝတ္ထုတိုအတတ်ပညာ၊ ဝတ္ထုတစ်ပုဒ်ဖန်တီးခြင်း၊ ဆောင်းပါးအမျိုးအစား၊ ဆောင်းပါးရေးသားခြင်းအတတ်ပညာ (ရသဆောင်းပါး)၊ ဆောင်းပါးတစ်ပုဒ်ရေးသားခြင်း၊ ရသ ၉ မျိုး၊ အကြောင်းအရာပေါ်ခံစားခြင်း၊ ဝတ္ထုတိုအတတ်ပညာ၊ ဆောင်းပါးရေးသားခြင်း အတတ်ပညာ (သုတဆောင်းပါး)၊ ဝတ္ထုတိုဆောင်းပါးရေးသားခြင်း အတတ်ပညာ (သုတရသဆောင်းပါး)၊ ဆောင်းပါးခေါင်းစဉ်များ ရွေးချယ်ခြင်းစသည့် စာရေးနည်း အတတ်ပညာဆိုင်ရာများကိုပြောကြားသည်။

အဆိုပါ ရသစာပေဖန်တီးရေးဖွဲ့သင်တန်းကို အပတ်စဥ်၊ စနေနှင့်တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ နေလယ် ၁၂ နာရီအထိ ရုံးတက်ချိန်မထိခိုက်စေဘဲ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။

ယခုသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း၊(၂၀)ဦး တက်ရောက် သင်ကြားပြီး သင်တန်းကာလမှာ ဇွန် ၁၇ ရက်နေ့မှ ဇူလိုင် ၉ ရက်နေ့အထိစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)