တောင်ငူ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကြိုတင်ကာကွယ်ရေး အသိပညာပေး TALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ TALK SHOW တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေတို့က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် အကြမ်းဖက်မှုအမျိုးအစားများ၊ လုပ်ငန်းခွင်နယ်ပယ်ဆိုသည့်အဓိပ္ပါယ်၊ လုပ်ငန်းခွင်နယ်ပယ်မှာ ကျူးလွန်သူနှင့် နှောင့်ယှက်ခံရသူများအကြောင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အပြုအမူများအကြောင်း၊ လုပ်ငန်းခွင်နယ်ပယ်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုရှိလာသည့်အခါ ဆောင်ရွက်သင့်သည့်အချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အသိပညာပေး TALK SHOW မှ ဆွေးနွေးမှုများအား တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)