နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှု                  

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းသား/သူလေးများ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရှာဖွေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေလေ့လာ ဖတ်ရှုသူ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း သိရသည်။

ကျောင်းသား/သူလေးများသည် မိမိတို့၏ အားလပ်ချိန်များတွင် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုကြပြီး ကလေးများအကြိုက် ရုပ်ပြ၊ ကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး စသည့် စာအုပ်စာစောင်များအပြင် ကလေးကစားစရာများ၊ ပြိုင်ပွဲအစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးခြင်း၊ ကလေးများအတွက် ကလေးစာဖတ်ခန်းအတွင်း ဗဟုသုတရှာဖွေရာ နေရာတစ်ခုအဖြစ် သီးသန့်ဖွင့်လှစ်ထားပြီး ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပုံပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းနှင့် စာဖတ်စွမ်းရည် စသည့် ပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။

လှဝင်း