ညောင်ဦး ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမှတ် (၇) ဝက်ကြီးအင်းရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်အုတ်ကန်များ၊ စဉ့်အိုးများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ဇွန် ၁၉ ရက်၊ ယနေ့နံ နက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်နှင့် ညောင်ဦးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌဒေါ်ဇာဇာဝင့်တို့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းတွင် သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ပန်းအိုးများ၊ ရေဆိုးထုတ်မြောင်းများ၊ ရေစည်များ၊ စဉ့်အိုးများ၊ ရေလှောင်အုတ်ကန်များ၊ ရေဝပ်နိုင်သောပစ္စည်းများအတွင်း ပိုးလောက်လောင်း မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး သွန် လဲ စစ် ပြုလုပ်၍ သောက်သုံးရေသိုလှောင်ကန် များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ကလေးငယ်များ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း