ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းသား၊ ကျောင်သူများအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများကို မေလ ၂၅ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံပြီး ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ကာ သင်ခန်းစာများကို စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာလက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။

တပ်ကုန်းမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့်စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယနေ့ညနေပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်မြဲဖြစ်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီခွဲက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်၊ စာအုပ်များခင်းကျင်းပြသ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပရာ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး လာရောက်ယှဉ်ပြိုင် ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက Community Center ခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ ညနေ (၄) နာရီအချိန်က ကျင်းပခဲ့သည်။

အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များငှားရမ်း‌ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းသည် ကျောင်းသား/ကျောင်းသူများနှင့်  ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှု လေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဇလုတ်ကြီးကျေးရွာနှင့် မကျီးကန်‌ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ