ကော့သောင်း ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးတို့ရှောင်ရှားခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ဆက်လက်ကျင်းပပြီး ဆုရရှိသူများအားဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)